ပီကေ အကြောင်း
Zingo ပီကေသည် ကွမ်းစားသူများအတွက်အဓိကရည်ရွယ်ပြီးထုတ်ထားသော ကမ္ဘာ့ပထမဦးဆုံး ပီကေအမျိုးအစားဖြစ်ပါသည်။ လက်တွေ့စမ်းသပ်မှုများအရ ကွမ်းဂျိုးများ၊ အချဉ်အစပ်စား၍ဖြစ်တတ်သော ထုံကျင်မှု၊ ရောင်ရမ်းမှုများကို ၁၄ရက်*အတွင်းသိသာစွာသက်သာလျော့နည်းစေပါသည်။
ကွမ်းစားသူများအတွက်အကျိုးရှိသော Zingo ပီကေကို ပြင်သစ်နိုင်ငံရှိကျွမး်ကျင်ပညာရှင်များမှဖော်စပ်ထုတ်လုပ်ထားပါသည်။ Zingo ပီကေတွင် ရှားစောင်းလက်ပပ်၊ နနွင်း၊ ဗီတာမင် C တို့ပါဝင်ပါသည်။ ထိုပါဝင်ပစ္စည်းများသည် ကွမ်းစားသုံးသူများ၏ ခံတွင်းကျန်းမာရေးကိုတိုးတက်လာစေသည်ဟုလေ့လာချက်များအရတွေ့ရှိထားပြီးဖြစ်သည်။ ကျွနု်ပ်တို့၏ပီကေတွင်ကွမ်းဂျိုးများကိုလျော့ချပေးနိုင်သော Sodium bicarbonate ပါဝင်ပါသည်။
အကောင်းဆုံးရလဒ်များကိုပိုင်ဆိုင်နိုင်ဖို့ Zingo ပီကေနဲ့ပလုတ်ကျင်းဆေးရည်ကိုအသုံးပြုဖို့တိုက်တွန်းလိုက်ပါသည်။
*ထိုရလဒ်များသည် ကျွနု်ပ်တို့၏ Zingo ပီကေနှင့် ဈေးကွက်အတွင်းရှိအခြား နာမည်ကြီး သကြားမပါဝင်သော ပီကေ ၂ မျိုးကို blind test စမ်းသပ်ထားရာမှ ရရှိလာခြင်းဖြစ်ပါသည်။ သုတေသနလုပ်ငန်းကို ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ၊၊ အရည်အချင်းရှိသွားဆရာဝန်များနှင့် ပြုလုပ်ခဲ့ပါသည်။
သုံးစွဲပုံ အညွှန်း
ကွမ်း(၅)ယာခန့် စားပြီးတိုင်း ပီကေတစ်ခုကို ၁၀-၁၅ မိနစ်ကြာဝါးပေးပါ။ တစ်နေ့ ၁ထုပ်မှ ၃ထုပ်အထိ နေ့စဉ် အသုံးပြုပေးပါ။ အခြား Zingo ထုတ်ကုန်များဖြင့် တွဲဖက်အသုံးပြုပါက ပိုမိုထိရောက်စေနိုင်ပါတယ်။